【MY】နိုင်ငံခြားသား ယာဉ်မောင်းများ၊ တိုခုတေးဂီနိုး ယာဉ်မောင်းအလုပ်များနှင့် ကျွန်တော်တို့ Joys Japan ကုမ္ပဏီနဲ့ပတ်သတ်၍ စိတ်ဝင်စားဖွယ်အကြောင်းအရာများ [၂၀၂၅ ခုနှစ် update သတင်းများ]

“ဂျပန်၏ သယ်ယူပို့ဆောင်ရေးကို မရပ်တန့်စေရ။”

ဂျပန်နိုင်ငံ၏ အဓိကမီဒီယာများမှ မကြာသေးမီက သတင်းများကို သင်လိုက်နာဖတ်ရှုပါက ထပ်တလဲလဲ ဖြစ်ပေါ်နေသည့် ပြဿနာတစ်ရပ်ကို သတိပြုမိပေလိမ့်မည်။ ၎င်းမှာ အသက်အရွယ်အိုမင်းလာသည့် ဂျပန်လူဦးရေ များလာသည်နှင့်အမျှ နိုင်ငံခြားသားလုပ်သားများအပေါ် ပိုမိုမှီခိုလာရခြင်းပင် ဖြစ်သည်။

ဤလုပ်သားရှားပါးမှုသည် စက်မှုလုပ်ငန်းတိုင်းနီးပါးကို သက်ရောက်မှုရှိပြီး၊ ယာဉ်မောင်းကဏ္ဍသည်လည်း ချွင်းချက်မရှိ သက်ရောက်မှုရှိနေသည်။ ယာဉ်မောင်းများသည် ဂျပန်နိုင်ငံ၏စီးပွားရေးနှင့် နေ့စဉ်လူနေမှုဘဝ၏ အထောက်အပံ့ကျောရိုးများ ဖြစ်ကြသည်။ ၎င်းတို့မရှိပါက ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်နိုင်မည်မဟုတ်ပါ။ အများပြည်သူ၏ ခရီးသွားပို့ဆောင်ရေးမှာလည်း နှေးကွေးလာမည်။ နေ့စဉ်နေထိုင်မှု့ဘဝများကိုလည်း အနှောင့်အယှက် ဖြစ်လာမည်ဖြစ်သည်။

ထရပ်ကား (ကုန်တင်ယာဉ်)၊ ဘတ်စ်ကားနှင့် တက္ကစီယာဉ်မောင်းများ သည် ဂျပန်နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ ချောမွေ့စွာလည်ပတ်နေစေရန်အတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြပါသည်။

ဂျပန်နိုင်ငံ၏ ယာဉ်မောင်းရှားပါးမှု- ယနေ့နှင့် နောင်အနာဂတ်၏ စိန်ခေါ်မှုများ

ဂျပန်တစ်ဝှမ်းရှိ ထောက်ပံ့ပို့ဆောင်ရေး (Logistics) ကုမ္ပဏီ ၂၃၀ ကို စစ်တမ်းကောက်ယူခဲ့ရာ စိုးရိမ်ဖွယ်ရာ ခေတ်ရေစီးကြောင်းစိန်ခေါ်မှုတစ်ရပ်ကို တွေ့ရှိခဲ့ရသည်- ၎င်းမှာ ကုမ္ပဏီများ၏ ၇၄.၈% သည် လက်ရှိတွင် ယာဉ်မောင်းရှားပါးမှုနှင့် ကြုံတွေ့နေရခြင်းပင် ဖြစ်သည်။ (A survey involving 230 logistics companies across Japan)

ကျန်ကုမ္ပဏီများမှာမူ ယင်းပြဿနာကို ခံစားနေရခြင်းမရှိသေးသော်လည်း မကြာမီပင် အခြေအနေဆိုးရွားလာနိုင်သည်ဟု အများစုက လက်ခံထားကြသည်။

စစ်တမ်းမှရရှိသောအချက်များအရ နိုင်ငံခြားသားယာဉ်မောင်းများ ခန့်အပ်ရာတွင် အကြီးမားဆုံးသော စိန်ခေါ်မှုမှာ ဘာသာစကား အခက်အခဲ ဖြစ်သည်ဟု ဖြေဆိုသူများ၏ ၅၀% ခန့်က ပြောကြားခဲ့သည်။

ဒုတိယအကြီးဆုံးသော စိုးရိမ်ရသည့်အချက်မှာ နိုင်ငံခြားသားဝန်ထမ်းများကို ခန့်အပ်ခြင်းနှင့် စီမံခန့်ခွဲရာတွင် အုပ်ချုပ်ရေးဆိုင်ရာ ရှုပ်ထွေးမှုများကြောင့် ဖြစ်သည်။

“X-Work ၏ ဦးဆောင်မှုဖြင့် ထိုအချက်အလက်နှင့် သုတေသနအားလုံးကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။”

စစ်တမ်းမှ ရရှိခဲ့သော နောက်ထပ်အရေးကြီးသည့် တွေ့ရှိချက်မှာ ကုမ္ပဏီများ၏ ၁၂.၂% သာလျှင် သတ်မှတ်ကျွမ်းကျင်လုပ်သား ယာဉ်မောင်း (တိုခုတေးဂီနိုးယာဉ်မောင်း) လုပ်ငန်းစနစ် ကို အပြည့်အဝ နားလည်ထားပြီး ၃၅.၇% မှာ လုံးဝ သိရှိထားခြင်းမရှိပါ။

ဤအချက်ကြောင့် အစိုးရ၊ ပံ့ပိုးကူညီရေးအဖွဲ့အစည်းများနှင့် ကုမ္ပဏီများအကြားတွင် SSW စနစ်မှ အကျိုးခံစားနိုင်မည့် အချိတ်အဆက်များ(သတင်းအချက်အလက်များ)မှာ ကွာဟချက်ကြီးတစ်ခု ရှိနေဆဲဖြစ်သည်။

ထို့အတူ ဂျပန်၏ ဘတ်စ်ကားလုပ်ငန်းတွင်လည်း တူညီသော ခေတ်ရေစီးကြောင်းစိန်ခေါ်မှုတစ်ရပ် ကို တွေ့ရသည်။ ဘတ်စ်ကားကုမ္ပဏီများစွာသည် အထူးသဖြင့် သေးငယ်သော ကျေးလက်မြို့များရှိ ကုမ္ပဏီများသည် ၎င်းတို့၏ လမ်းကြောင်းများအတွက် ယာဉ်မောင်းများ လုံးဝမရှိတော့သည့် ပြင်းထန်သော ပြဿနာကို ရင်ဆိုင်နေရသည်။

အခြားကဏ္ဍများကဲ့သို့ အာရုံစိုက်မှုများစွာ မရရှိသေးသော်လည်း ဂျပန်နိုင်ငံ၏ ယာဉ်မောင်းရှားပါးမှုသည် နိုင်ငံတော်အဆင့် ပြဿနာတစ်ရပ် ဖြစ်နေပြီဖြစ်သည်။ ချက်ချင်းအရေးယူဆောင်ရွက်မှု မရှိပါက လာမည့်နှစ်များတွင် ပိုမိုဆိုးရွားလာနိုင်ဖွယ်ရှိပါသည်။

ယာဉ်မောင်း- ဂျပန်နိုင်ငံ၏ မော်တော်ယာဉ်လုပ်ငန်းရှိ သတ်မှတ်ကျွမ်းကျင်လုပ်သားစနစ်

အရိုးရှင်းဆုံးနှင့် ရေရှည်တည်တံ့နိုင်သော ဖြေရှင်းနည်းတစ်ခုမှာ သတ်မှတ်ကျွမ်းကျင်လုပ်သား (တိုခုတေးဂီနိုး) စနစ်ကဲ့သို့သော စနစ်တကျချမှတ်ထားသည့် အစီအစဉ်များမှတစ်ဆင့် အရည်အချင်းပြည့်မီသော နိုင်ငံခြားသား ယာဉ်မောင်းများကို ခေါ်ယူရန် ဖြစ်သည်။

ဂျပန်နိုင်ငံတွင် အလုပ်လုပ်နေသော နိုင်ငံခြားသား ထရပ်ကား သို့မဟုတ် ဘတ်စ်ကား ယာဉ်မောင်းများကို ပြသထားသည့် လူမှုကွန်ရက်စာမျက်နှာများမှ ပို့စ်များကို သင် မြင်ဖူးပေလိမ့်မည်။ ၎င်းတို့အနက် များစွာသောသူများသည် ထိုဗီဇာအစီအစဉ်တွင် ပါဝင်သူများ ဖြစ်ကြသည်။

တိုခုတေးဂီနိုး စနစ်ကို ဂျပန်နိုင်ငံ၏ ရေရှည်လုပ်သားရှားပါးမှုကို ဖြေရှင်းရန်အတွက် ရည်ရွယ်၍ ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် တရားဝင် စတင်ကျင့်သုံးခဲ့ပြီး ကျွမ်းကျင်မှုရှိသော နိုင်ငံခြားသား လုပ်သားများအား လုပ်ငန်းကဏ္ဍများစွာတွင် ဝင်ရောက်လုပ်ကိုင်ခွင့် ပေးခဲ့ပါသည်။

ဤစနစ်က နိုင်ငံခြားသားလုပ်သားများအား သတ်မှတ်ထားသော လိုအပ်ချက်များကို ပြည့်မီပါက ဂျပန်ကုမ္ပဏီများ၏ လက်အောက်ရှိ ထရပ်ကား၊ ဘတ်စ်ကား သို့မဟုတ် တက္ကစီများကို မောင်းနှင်ခွင့် ပေးထားသည်။

တိုခုတေးဂီနိုး ယာဉ်မောင်း ကဏ္ဍကို ၂၀၂၃ ခုနှစ်တွင် အတည်ပြုခဲ့ပြီး ဂျပန်၏ သယ်ယူပို့ဆောင်ရေး လုပ်သားအင်အားကို နိုင်ငံတကာအဆင့်မီဖြစ်လာစေရန် ကြီးမားသော ခြေလှမ်းတစ်ရပ်ကို သတ်မှတ်ခဲ့သည်။

တိုခုတေးဂီနိုး ယာဉ်မောင်းအလုပ်လျှောက်ထားရန် အောက်ပါ အခြေခံအရည်အချင်းများ လိုအပ်ပါသည်။

  • တရားဝင် ယာဉ်မောင်းလိုင်စင် ရှိခြင်း။
  • ဂျပန်ဘာသာစကား ကျွမ်းကျင်မှု (ထရပ်ကားယာဉ်မောင်းများအတွက် JLPT N4 သို့မဟုတ် JFT-B A2 ၊ တက္ကစီနှင့် ဘတ်စ်ကားယာဉ်မောင်းများအတွက် N3)။
  • တိုခုတေးဂီနိုး ယာဉ်မောင်း ကျွမ်းကျင်မှုစာမေးပွဲကို အောင်မြင်ခြင်း။

ဤစံနှုန်းများမှာ ယာဉ်မောင်းတိုင်းအတွက် ဂျပန်နိုင်ငံ၏ စည်းမျဉ်းများနှင့် ယဉ်ကျေးမှုဆိုင်ရာ မျှော်မှန်းချက်များအောက်တွင် အလုပ်လုပ်ကိုင်ရန် အရည်အချင်းပြည့်မီမှု၊ ဘေးကင်းမှုနှင့် အလုပ်ခွင်ပြင်ဆင်မှုအတွက် အထောက်အပံ့ပြုနိုင်ရန်ဖြစ်ပါသည်။

နိုင်ငံခြားသားများအတွက် ဂျပန်နိုင်ငံတွင်းရှိ ယာဉ်မောင်းအလုပ်များ

တိုခုတေးဂီနိုး ယာဉ်မောင်းစနစ်သည် ပြည်ပနှင့် ဂျပန်နိုင်ငံအတွင်းမှ လျှောက်ထားသူများကို လက်ခံပြီး တစ်ခုစီမှာ ကိုယ်ပိုင် အားသာချက်များနှင့် စိန်ခေါ်မှုများ ရှိပါသည်။

ပြည်ပမှ လာရောက်သည့် လျှောက်ထားသူများအတွက် အကြီးမားဆုံး အတားအဆီးများမှာ အများအားဖြင့် ဂျပန်ဘာသာစကား ကျွမ်းကျင်မှုနှင့် ဂျပန်ယာဉ်မောင်းလိုင်စင်ရယူခြင်းတို့ ဖြစ်သည်။

သို့သော်လည်း အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံများမှ အဖွဲ့အစည်းများစွာသည် မိမိနိုင်ငံအတွင်း ဂျပန်စံနှုန်းများနှင့်အညီ ယာဉ်မောင်းသင်တန်းအစီအစဉ်များကို ယခုအခါ စတင်ပို့ချပေးနေကြပြီ ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံရှိ ဂျပန်ယာဉ်မောင်းသင်တန်းကျောင်း

ဤကျောင်းများသည် ဂျပန်ဘာသာစကားသင်တန်းနှင့် ယာဉ်မောင်းသင်တန်းကို ပေါင်းစပ်ထားပြီး လျှောက်ထားသူများသည် ဂျပန်သို့မသွားရောက်မီ ဘာသာစကားပိုင်းအရရော ယာဉ်မောင်းနည်းပညာပိုင်းအရပါ အသင့်ဖြစ်နေစေရန် ရည်ရွယ်ပါသည်။

လျှောက်ထားချင်သူများအတွက် ပုံမှန်လုပ်ငန်းစဉ်မှာ

  • ၎င်းတို့၏ ဇာတိနိုင်ငံ သို့မဟုတ် ဂျပန်တွင် ဂျပန်ဘာသာစကားနှင့် ယာဉ်မောင်းစံနှုန်းများကို သင်ယူလေ့လာရခြင်း
  • ဂျပန်အလုပ်ရှင်ထံမှ အလုပ်ကမ်းလှမ်းချက် ရရှိခြင်း
  • ဂျပန်ယာဉ်မောင်းလိုင်စင်ရရှိရန်အတွက် တိုခုတေးခစုဒိုး (Tokutei Katsudou – သတ်မှတ် နေထိုင်လှုပ်ရှားမှု) ဗီဇာ ဖြင့် နေထိုင်ခြင်း
  • လိုအပ်သော စာမေးပွဲများကို အောင်မြင်ပြီးနောက် တိုကုတေး ဂီနိုး (Tokutei Ginou – သတ်မှတ်ကျွမ်းကျင်လုပ်သား) ဗီဇာ ဖြင့် အလုပ်စတင်လုပ်ကိုင်နိုင်ခြင်း

ဤ လမ်းကြောင်းကို ပိုမို လုပ်ဆောင်လာနေပြီး နောင်အနာဂတ်တွင် ကောင်းစွာ လေ့ကျင့်သင်ကြားထားသော နိုင်ငံခြားသား ယာဉ်မောင်းများကို ဂျပန်နိုင်ငံသို့ အဆက်မပြတ် ဝင်ရောက်လာစေရန် မျှော်လင့်ထားပါသည်။

ဂျပန်နိုင်ငံအတွင်းမှ လျှောက်ထားသူများအတွက် ယာဉ်မောင်းအလုပ်များ

လက်ရှိ ဂျပန်တွင် နေထိုင်နေသော လျှောက်ထားသူများ (ဥပမာ- ကျောင်းသားများ၊ နည်းပညာအလုပ်သင်များ (TITP) သို့မဟုတ် အခြားဗီဇာအမျိုးအစားအောက်တွင် ရှိသူများ) အတွက် တိုခုတေးဂီနိုး ယာဉ်မောင်းဖြစ်နိုင်မည့် လမ်းကြောင်းသည် ပိုမိုလွယ်ကူနိုင်ပါသည်။

ဂျပန်နိုင်ငံတွင် ရောက်ရှိနှင့်ပြီးသား လျှောက်ထားသူများအတွက် အကြီးမားဆုံး အားသာချက်မှာ ၎င်းတို့တွင် ပုံမှန်အားဖြင့် ဂျပန်ယာဉ်မောင်းလိုင်စင် ရှိနှင့်ပြီးသားဖြစ်ခြင်း ဖြစ်သည်။ လုပ်ငန်းစဉ်၏ အခက်ခဲဆုံး အစိတ်အပိုင်းတစ်ခုဖြစ်သည့် ဂျပန်လိုင်စင်ရယူခြင်းကို ဖြေရှင်းပြီးသားဖြစ်စေသည်။ အကြောင်းမှာ လိုင်စင်ပြောင်းလဲခြင်း သို့မဟုတ် ယာဉ်မောင်းသင်တန်းကျောင်းတက်ခြင်းမှာ လျှောက်ထားသူများအတွက် ခက်ခဲပြီး အချိန်ကုန်နိုင်သောကြောင့် ဖြစ်သည်။

ထို့အပြင် ၎င်းတို့သည် ဂျပန်နိုင်ငံတွင် နေ့စဉ်နေထိုင်ပြီး ဆက်ဆံပြောဆိုနေရသည့်အတွက် ၎င်းတို့၏ ဂျပန်ဘာသာစကားစွမ်းရည်မှာ ပိုမိုကောင်းမွန်သောနိုင်ကြောင့်ဖြစ်သည်။

ကျောင်းသားများအတွက်လည်း ထိုတိုခုတေးဂီနိုးစနစ်သည် ကျောင်းသားဘဝမှ တည်ငြိမ်သော အချိန်ပြည့်အလုပ်သို့ ကူးပြောင်းရန် လက်တွေ့ကျသော နည်းလမ်းများထဲမှ တစ်ခု ဖြစ်သည်။ ထို့အပြင် နည်းပညာအလုပ်သင်များ (တိုခုတေးဂျစ်ရှုးဆေးများ) အတွက်မူ ၎င်းတို့၏ အလုပ်သင်ကာလပြီးနောက် ဂျပန်နိုင်ငံတွင် ဆက်လက်အလုပ်လုပ်ရန် အခွင့်အရေးကို ရှိပြီး ရေရှည်အသက်မွေးဝမ်းကျောင်းအတွက် လမ်းပွင့်စေနိုင်သည်။

အခြားနယ်ပယ်တစ်ခုတွင် သတ်မှတ်ကျွမ်းကျင်လုပ်သား (တိုခုတေးဂီနိုး) ဗီဇာ ဖြင့် ရရှိထားသူများအတွက်မူ လုပ်ငန်းနယ်ပယ် ပြောင်းလဲခြင်း ပါဝင်သောကြောင့် လုပ်ငန်းစဉ်သည် အနည်းငယ် ပို၍ ခက်ခဲနိုင်သည်။ သို့သော်လည်း ၎င်းတို့၏ လက်ရှိ တိုခုတေးဂီနိုး ဗီဇာဖြင့် နေထိုင်နိုင်ခွင့် ကာလ ၅နှစ်တာမှာ လုံလောက်သော အချိန် ကျန်ရှိနေပါက ယေဘုယျအားဖြင့် ပြောင်းလဲနိုင်သည်။

တိုခုတေးဂီနိုး ယာဉ်မောင်း အလုပ်နယ်ပယ်ရှိ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများအား ကိုင်တွယ်ဖြေရှင်းခြင်း

တိုခုတေးဂီနိုး ယာဉ်မောင်းလုပ်ငန်းတွင် အခွင့်အလမ်းများ ရှင်းလင်းစွာ ရှိသော်လည်း ၎င်းမှာ စိန်ခေါ်မှုများ မရှိသည့်နယ်ပယ်တော့ မဟုတ်ပေ။ ယာဉ်မောင်းခြင်းသည် လုပ်ငန်းကဏ္ဍအားလုံးတွင် အန္တရာယ်အရှိဆုံး အလုပ်များထဲမှ တစ်ခုဖြစ်ပြီး ကုမ္ပဏီ၏ ဂုဏ်သတင်းကျဆင်းနိုင်ခြင်းနှင့် အဆိုးဆုံးအခြေအနေတွင် လူ့အသက်များကိုပင် အန္တရာယ်ဖြစ်စေနိုင်ပါသည်။

ထို့ကြောင့် နိုင်ငံခြားသား ယာဉ်မောင်းများအပေါ် စစ်ဆေးမှုများ ပိုမိုတင်းကျပ်လာပြီး ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို ပိုမိုအလေးပေးဖော်ပြကြခြင်းဖြစ်သည်။ ထို့အပြင် ၂၀၂၅ ခုနှစ် အောက်တိုဘာလမှစ၍ လိုင်စင်ပြောင်းလဲခြင်း လုပ်ငန်းစဉ်သည် ပိုမိုခက်ခဲလာမည်ဖြစ်ရာ လျှောက်ထားသူများအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါသည်။ (Old vs. New Gaimen Written Test: How Much Harder Is It Really?)

အဓိကအချက်မှာ စောစောက ဖော်ပြထားသည့်အတိုင်းပင် ဖြစ်သည်-

ယာဉ်မောင်းများ လိုအပ်နေသော်လည်း ဘေးကင်းလုံခြုံမှုကို လျစ်လျူရှု၍ မရနိုင်ပါ။ ဤအန္တရာယ်များကို ထိန်းချုပ်ရန်အတွက် နိုင်ငံခြားသား ယာဉ်မောင်းများအနေဖြင့် ပြည်ပရှိ သင်တန်းအစီအစဉ်များမှတစ်ဆင့် ဖြစ်စေ၊ သို့မဟုတ် လိုင်စင်ပြောင်းလဲရန်အတွက် သေချာစွာ လေ့လာပြင်ဆင်ခြင်းဖြင့် ဖြစ်စေ ပြည့်စုံသော ပြင်ဆင်မှုများ ပြုလုပ်ရန် အရေးကြီးသည်။

ထို့အပြင် အခြားသော တိုခုတေးဂီနိုး ကဏ္ဍများနှင့်မတူဘဲ နိုင်ငံခြားသားများကို ဂျပန်တွင် ငါးနှစ်ကျော် နေထိုင်ခွင့်ပြုမည့် တိုခုတေးဂီနိုး 2 (သတ်မှတ်ကျွမ်းကျင်လုပ်သား အဆင့် ၂) သည် လက်ရှိတွင် ခွင့်ပြုချက် မရှိသေးပါ။ ဤအချက်သည်လည်း နိုင်ငံခြားသားအချို့ကို ဂျပန်နိုင်ငံရှိ ယာဉ်မောင်းအလုပ်များ လျှောက်ထားရန် တုံ့ဆိုင်းစေသည်။

စိန်ခေါ်မှုများ ရှိနေသော်လည်း ဂျပန်နိုင်ငံရှိ နိုင်ငံခြားသား ယာဉ်မောင်းများအတွက် ဤလုပ်ငန်းကဏ္ဍသည် ခိုင်မာသော အခွင့်အလမ်းများကို ဆက်လက် ပေးအပ်နေဆဲ ဖြစ်ပါသည်။

ဂျပန်နိုင်ငံ၏ ယာဉ်မောင်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသည့် ကျွန်တော်တို့ Joys Japan ကုမ္ပဏီအကြောင်း

တိုခုတေးဂီနိုး ယာဉ်မောင်းများအတွက် အလုပ်မိတ်ဆက်ပေးနေသော ကျွန်တော်တို့ Joys Japan (ရုံးခန်း)

ကျွန်တော်တို့ Joys Japan သည် အရည်အချင်းပြည့်မီသော နိုင်ငံခြားသား လျှောက်ထားသူများကို ဂျပန်တစ်ဝှမ်းရှိ ထောက်ပံ့ပို့ဆောင်ရေး (Logistics)၊ တက္ကစီနှင့် ဘတ်စ်ကားကုမ္ပဏီများနှင့် ချိတ်ဆက်ပေးခြင်းဖြင့် ဂျပန်နိုင်ငံ၏ ကြီးထွားလာနေသော ယာဉ်မောင်းရှားပါးမှုကို ဖြေရှင်းပေးနေသည့် ရှေ့ဆောင် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။

ဂျပန်နိုင်ငံတွင် ရောက်ရှိနေပြီဖြစ်သည့် လျှောက်ထားသူများအတွက် ကျွန်တော်တို့ Joys Japan သည် အကြံဉာဏ်ပေးခြင်းနှင့် ကိုယ်ရေးရာဇဝင် (CV) ပြင်ဆင်ခြင်းမှစ၍ အင်တာဗျူးလေ့ကျင့်ခြင်း၊ အလုပ်ရှာဖွေချိတ်ဆက်ပေးခြင်း၊ ဗီဇာအကူအညီပေးခြင်း၊ အိမ်ရာပံ့ပိုးပေးခြင်း၊ အလုပ်ဝင်ပြီးနောက် ကူညီဖေးမပေးခြင်း After-Care service အထိ (All in One) လုပ်ငန်းစဉ်တစ်ခုလုံးကို ကူညီပံ့ပိုးပေးနေသည်။

အခြားကုမ္ပဏီများစွာနှင့်မတူဘဲ ကျွန်တော်တို့ Joys Japan သည် တိုခုတေးဂီနိုး (သတ်မှတ်ကျွမ်းကျင်လုပ်သား) ယာဉ်မောင်းများကိုသာ အထူးပြုမိတ်ဆက်သည့် အလုပ်မိတ်ဆက်ကုမ္ပဏီဖြစ်ပြီး ကုန်တင်ယာဉ်၊ ဘတ်စ်ကားနှင့် တက္ကစီကဏ္ဍများမှ မိတ်ဖက်ကုမ္ပဏီ ၃၀ ကျော်နှင့် ချိတ်ဆက်ကွန်ရက်ကို ပိုင်ဆိုင်ထားပါသည်။

ဦးစွာအနေဖြင့် လျှောက်ထားသူများသည် ဂျပန်ယာဉ်မောင်းလိုင်စင် လိုအပ်ပြီး ဘာသာစကားလိုအပ်ချက်များကို ပြည့်မီရပါမည်။ ထရပ်ကားယာဉ်မောင်းများအတွက် JLPT N4 သို့မဟုတ် JFT-B A2 နှင့် တက္ကစီနှင့် ဘတ်စ်ကားယာဉ်မောင်းများအတွက် JLPT N3 တို့ လိုအပ်ပါသည်။

ဂျပန်လိုင်စင် မရှိသေးသူများအတွက်မူ ကျွန်တော်တို့ Joys Japan သည် ဂျပန်လိုင်စင် ရရှိရန် လိုအပ်သော ပံ့ပိုးမှုများပေးနိုင်သည့် group ကုမ္ပဏီဖြစ်သည့် Ziplus နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ဂျပန်နိုင်ငံပြင်ပရှိ လျှောက်ထားသူများအတွက် ကျွန်တော်တို့ Joys Japan သည် အဆင်ပြေပြေဖြင့် ကောင်းမွန်စွာပံ့ပိုးမှုပေးနိုင်မည့် အလုပ်သမားခေါ်ယူရေးလုပ်ငန်းစဉ်ကို ကြိုးပမ်းပေးနိုင်ရန် နိုင်ငံအသီးသီးရှိ စေလွှတ်ရေးအဖွဲ့အစည်း (Sending Organization) များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ကျွန်တော်တို့၏ လက်ရှိအကြီးဆုံး စီမံကိန်းများထဲမှ တစ်ခုမှာ အင်ဒိုနီးရှား နိုင်ငံတွင် ဖြစ်ပြီး ထိုနိုင်ငံ၏ အကြီးဆုံး စေလွှတ်ရေးအဖွဲ့အစည်းတစ်ခု(Sending Organization)နှင့် ပူးပေါင်း၍ ဂျပန်နိုင်ငံ၏ နည်းစနစ်ပုံစံ ယာဉ်မောင်းသင်တန်းကျောင်းတစ်ခုကို တည်ထောင်ထားပါသည်။ ထိုနေရာမှ ကျောင်းသားများသည် ဂျပန်ဘာသာစကား၊ ဂျပန်ယဉ်ကျေးမှုနှင့် ဂျပန်စံနှုန်းများနှင့်အညီ ဘေးကင်းစွာ ယာဉ်မောင်းခြင်းကို သင်ယူကြသည်။

နောက်ထပ်စီမံကိန်းတစ်ခုမှာ နိုင်ငံများစွာတွင် ဂျပန်ဘာသာစကားကျောင်းများ ဖွင့်လှစ်ထားသည့် နိုင်ငံစုံကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ကျွန်တော်တို့ Joys Japan သည် မြန်မာနိုင်ငံမှ အလုပ်လျှောက်ထားသူများကို ဂျပန်ဘာသာစကားသင်ကြားခြင်းအစီအစဉ် (Japanese language School program) မှတဆင့် ဂျပန်နိုင်ငံသို့ တိုက်ရိုက် ခေါ်ဆောင်လာနိုင်ရန် ကူညီပေးသည်။

သီရိလင်္ကာနှင့် ဗီယက်နမ် အပါအဝင် အခြားစီမံကိန်းများလည်း ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။

လုပ်သား ခေါ်ယူရေး ဝန်ဆောင်မှုထက် ကျွန်တော်တို့ Joys Japan သည် နိုင်ငံခြားသားလုပ်သားများအတွက် ရေရှည် အသက်မွေးဝမ်းကျောင်းအတွက်နှင့် ကောင်းမွန်သော လူနေမှုဘဝ ပံ့ပိုးကူညီမှု အပေါ် အဓိကစိတ်စေတနာထားလုပ်ဆောင်လျက်ပါသည်။ ဂျပန်အလုပ်ရှင်များ၊ အစိုးရအေဂျင်စီများနှင့် ပြည်ပစေလွှတ်ရေးအဖွဲ့အစည်းများ (Sending Organization) တို့နှင့် အနီးကပ်ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် လျှောက်ထားသူတိုင်းအတွက် ကောင်းမွန်သော ကုမ္ပဏီများ အလုပ်ရစေရန်နှင့် အလုပ်ရှင်တိုင်း စိတ်ချယုံကြည်ရသော၊ ကောင်းမွန်စွာ လေ့ကျင့်ထားသော ဝန်ထမ်းများကို ရရှိစေရန် ကြိုးပမ်းလုပ်ဆောင်နေပါသည်။

နိဂုံးချုပ်

ဂျပန်နိုင်ငံ၏ ယာဉ်မောင်းရှားပါးမှုသည် ထောက်ပံ့ပို့ဆောင်ရေး (Logistics) ပြဿနာမျှသာ မဟုတ်တော့ပါ။ ၎င်းသည် နိုင်ငံ၏စီးပွားရေးနှင့် သန်းပေါင်းများစွာသော လူတို့၏ နေ့စဉ်ဘဝများကို ထိခိုက်စေနိုင်သည့် နိုင်ငံတော်အဆင့် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့သည်။ ကျွန်တော်တို့ Joys Japan သည် အရည်အချင်းများစွာ ပိုင်ဆိုင်ထားသည့် နိုင်ငံခြားသားလုပ်သားများကို ဂျပန်နိုင်ငံ၏ သယ်ယူပို့ဆောင်ရေး လိုအပ်ချက်များအတွက် ချိတ်ဆက်ဖြည့်စွက်ပေးခြင်းဖြင့် ကုမ္ပဏီများကို ကူညီပေးနေသကဲ့သို့၊ ဂျပန်နိုင်ငံတွင် အသက်မွေးဝမ်းကျောင်း ပြုလိုသည့် နိုင်ငံခြားသားလုပ်သားများအတွက်လည်း ဘဝတစ်ဆစ်ချိုးပြောင်းလဲစေမည့် အခွင့်အလမ်းများကို ဖန်တီးပေးနေခြင်း ဖြစ်ပါသည်။

ပိုမိုသိရှိလိုပါက ကျွန်တော်တို့ Joys Japan ကုမ္ပဏီ သို့ အခုပဲ ချက်ချင်း ဆက်သွယ်လိုက်ရန် တိုက်တွန်းပါရစေ!

guest
0 comments
Oldest
Newest Most Voted
Inline Feedbacks
View all comments