【MY】အထူးပြုကျွမ်းကျင်လုပ်သား (တိုခုတေးဂီနိုး) ယာဉ်မောင်းများ နှင့် ပတ်သက်သည့် သတင်းအချက်အလက်

လူဝင်မှုကြီးကြပ်ရေး အေဂျင်စီ (Immigration Services Agency) ၏ အစီရင်ခံစာအရ ဂျပန်နိုင်ငံတွင် အထူးပြုကျွမ်းကျင်လုပ်သား (တိုခုတေးဂီနိုး) အစီအစဉ်ဖြင့် နေထိုင်သူ နိုင်ငံခြားသားဦးရေသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် စုစုပေါင်း ၂၈၃,၆၃၄ ဦးအထိ ရှိသည်ဟု ခန့်မှန်းထားပြီး၊ ၎င်းသည် စံချိန်တင် အများဆုံး အရေအတွက် ဖြစ်ပါသည်။ ဂျပန်နိုင်ငံ၏ အလွန်ဆိုးရွားသော လုပ်သားအင်အား ရှားပါးမှုနှင့် လျင်မြန်စွာ အိုမင်းရင့်ရော်လာသည့် လူဦးရေ အခြေအနေတို့ကြောင့် ဂျပန်အစိုးရသည် ၂၀၁၉ ခုနှစ် ဧပြီလတွင် အထူးပြုကျွမ်းကျင်လုပ်သား (တိုခုတေးဂီနိုး) ကို စတင်ခဲ့ခြင်းအပြင် နိုင်ငံခြားသား လုပ်သားများအတွက် အခွင့်အလမ်းများကို ပိုမိုဖွင့်လှစ်ပေးခဲ့ပါသည်။

အထူးပြုကျွမ်းကျင်လုပ်သား ဆိုသည်မှာ?

ဤအစီအစဉ်သည် (၂၀၂၅ ခုနှစ် ဩဂုတ်လအရ) ကဏ္ဍ ၁၆ ခုဖြင့် ကမ္ဘာတစ်ဝန်းမှ လုပ်သားများကို ကြိုဆိုကာ ဂျပန်နိုင်ငံ၏ လုပ်သားရှားပါးမှုကို ဖြေရှင်းရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ကဏ္ဍတစ်ခုချင်းစီအတွက် သတ်မှတ်ထားသော JLPT လက်မှတ်အဆင့်နှင့် မတူညီသော ကျွမ်းကျင်မှုစာမေးပွဲများ လိုအပ်ပါသည်။ ဤအစီအစဉ်သည် ဂျပန်နိုင်ငံ၏ စီးပွားရေးအပြင် လူ့အဖွဲ့အစည်းအတွက်ပါ သိသိသာသာ အထောက်အကူပြုပါသည်။

ကဏ္ဍ ၁၆ ခု (မူရင်း- MOFA)

ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်အောက်ရှိသူနာပြုစောင့်ရှောက်ရေးဆိုင်ရာ အထူးပြုကျွမ်းကျင်လုပ်သား (ပထမအဆင့်)  & သူနာပြု စောင့်ရှောက်ရေးဆိုင်ရာ ပညာရှင်အဆင့်ဝန်ထမ်း   (*) 介護福祉士 : သူနာပြု စောင့်ရှောက်ရေးဆိုင်ရာ ပညာရှင်အဆင့်ဝန်ထမ်း  ပြုစုစောင့်ရှောက်မှု (လူနာများ၏ ကိုယ်အခြေအနေနှင့် စိတ်အခြေအနေပေါ် မူတည်၍ ရေချိုးခြင်း၊ အစားအစာကျွေးခြင်းနှင့် ကြင်ကြီးကြင်ငယ်စွန့်ခြင်းတို့တွင် ကူညီပေးခြင်း) အပြင် အခြားသော ဆက်စပ်ပံ့ပိုးမှု ဝန်ဆောင်မှုများ (အပန်းဖြေခြင်းနှင့် ကိုယ်အင်္ဂါလေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်းတို့တွင် ကူညီခြင်း စသည်) ပါဝင်သည်။ မှတ်ချက်- အိမ်တိုင်ရာရောက် ဝန်ဆောင်မှုများ (Visiting services) မပါဝင်ပါ။
အဆောက်အဦး သန့်ရှင်းရေး အထူးပြုကျွမ်းကျင်လုပ်သား (ပထမအဆင့်)  &(ဒုတိယအဆင့်)အဆောက်အဦးအတွင်းပိုင်းသန့်ရှင်းရေးလုပ်ငန်း
စီးပွားရေး နှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်အောက်ရှိကုန်ထုတ် လုပ်ငန်း အထူးပြုကျွမ်းကျင်လုပ်သား (ပထမအဆင့်)  &(ဒုတိယအဆင့်)စက်မှုကုန်ထုတ်နှင့် သတ္တု ထုတ်လုပ်ငန်း၊လျှပ်စစ်နှင့် အီလက်ထရွန်နစ်ပစ္စည်း တပ်ဆင်ခြင်းလုပ်ငန်း၊ သတ္တုမျက်နှာပြင် ပြုပြင်ခြင်း၊ ပုံးကတ်ထူနှင့် လှိုင်းထပုံးကတ်ထူ ပြုလုပ်ခြင်း၊ ကွန်ကရစ်တုံး ထုတ်လုပ်ခြင်း၊ပြန်လည်သုံး စက္ကူများနှင့် ပလတ်စတစ်ဆီမှ လောင်စာ ထုတ်လုပ်ခြင်း၊ ပန်းကန်ခွက်ယောက်နှင့် အလှဆင်အိုးခွက်များ ထုတ်လုပ်ခြင်း၊ ပုံနှိပ်ခြင်း / စာအုပ်ချုပ်ခြင်း၊ အထည်အလိပ်များ ထုတ်လုပ်ခြင်း၊ အထည်ချုပ်လုပ်ငန်း။
နယ်မြေ၊ အခြေခံ အဆောက်အဦ ၊ သယ်ယူပို့ဆောင်ရေး နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်အောက်ရှိဆောက်လုပ်ရေးလုပ်ငန်း အထူးပြုကျွမ်းကျင်လုပ်သား (ပထမအဆင့်)  & (ဒုတိယအဆင့်)မြို့ပြအင်ဂျင်နီယာလုပ်ငန်း၊ အဆောက်အဦဆောက်လုပ်ခြင်း၊ အခြေခံအဆောက်အဦနှင့် စက်ရုံ၊ အလုပ်ရုံ ဆောက်လုပ်ခြင်း။
သင်္ဘောတည်ဆောက်ရေးနှင့် သင်္ဘောသုံးစက်ပစ္စည်းလုပ်ငန်း အထူးပြုကျွမ်းကျင်လုပ်သား (ပထမအဆင့်)  &(ဒုတိယအဆင့်)သင်္ဘောတည်ဆောက်ခြင်း၊ သင်္ဘောသုံးစက်ပစ္စည်း၊ သင်္ဘောသုံး လျှပ်စစ်နှင့် အီလက်ထရွန်နစ် ပစ္စည်းများ ထုတ်လုပ်ခြင်း။
ကားပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်း အထူးပြု ကျွမ်းကျင်လုပ်သား (ပထမအဆင့်)  &(ဒုတိယအဆင့်)မော်တော်ကား နေ့စဉ်ထိန်းသိမ်းမှု၊ မော်တော်ကား ပုံမှန်ထိန်းသိမ်းမှုအသိအမှတ်ပြု ပြုပြင်ထိန်းသိမ်းမှုအသိအမှတ်ပြု ပြုပြင်ထိန်းသိမ်းမှုနှင့် ဆက်စပ်သောလုပ်ငန်းများ။
လေကြောင်းလုပ်ငန်း အထူးပြု ကျွမ်းကျင်လုပ်သား (ပထမအဆင့်)  &(ဒုတိယအဆင့်)လေဆိပ်တွင် မြေပြင်ဝန်ဆောင်မှု၊ မြေပြင်ပေါ် မောင်းနှင်မှု အထောက်အကူပြု ဝန်ဆောင်မှုများ၊ခရီးဆောင်အိတ်နှင့် ကုန်စည်များ ကိုင်တွယ်ဆောင်ရွက်ခြင်း၊ လေယာဉ်ပြုပြင်ထိန်းသိမ်းမှု၊ လေယာဉ်နှင့် ပစ္စည်းကိရိယာများ ပြုပြင်ထိန်းသိမ်းခြင်း စသည်
ဟိုတည်လုပ်ငန်းအထူးပြု ကျွမ်းကျင်လုပ်သား (ပထမအဆင့်)  &(ဒုတိယအဆင့်)တည်းခိုနေထိုင်ရေး ဝန်ဆောင်မှုများလုပ်ငန်းများ (ဥပမာ- ဧည့်ကြိုကောင်တာတွင် လုပ်ကိုင်ခြင်း၊ အစီအစဉ်ဆွဲခြင်း/လူမှု့ဆက်ဆံရေး၊ ဧည့်ဝတ်ပြုခြင်း၊ စားသောက်ဆိုင် ဝန်ဆောင်မှုများ စသည်)
မော်တော်ယာဉ်ပို့ဆောင်ရေး လုပ်ငန်း အထူးပြု ကျွမ်းကျင်လုပ်သား (ပထမအဆင့်)ထရပ်ယာဉ်မောင်း တက္ကစီယာဉ်မောင်း ဘတ်(စ်) ယာဉ်မောင်း
မီးရထားလုပ်ငန်း အထူးပြု ကျွမ်းကျင်လုပ်သား (ပထမအဆင့်)မီးရထားလမ်း တည်ဆောက်ခြင်းနှင့် ထိန်းသိမ်းခြင်း၊ လျှပ်စစ်ပစ္စည်း ကိရိယာများ တည်ဆောက်ခြင်းနှင့် ထိန်းသိမ်းခြင်း၊ ရထားတွဲများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် အကြီးစားစစ်ဆေးခြင်း၊ရထားတွဲများ ထုတ်လုပ်ခြင်း၊ရထားမောင်းနှင်မှု လုပ်ငန်းများ (ရထား/တွဲကို တိုက်ရိုက်မောင်းနှင်သူများ၊ အကူဝန်ထမ်းများနှင့် လုပ်သားများ)
စိုက်ပျိုးရေး၊ သစ်တောရေးရာနှင့် ငါးလုပ်ငန်း ဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်အောက်ရှိစိုက်ပျိုးရေးလုပ်ငန်း အထူးပြု ကျွမ်းကျင်လုပ်သား (ပထမအဆင့်)  &(ဒုတိယအဆင့်)ကောက်ပဲသီးနှံ စိုက်ပျိုးရေး လုပ်ငန်းအထွေထွေလုပ်ငန်း (စိုက်ပျိုးမှု စီမံခန့်ခွဲခြင်း၊စိုက်ပျိုးရေးထွက်ကုန်များ၊စုဆောင်းခြင်း/တင်ပို့ခြင်း/ အမျိုးအစားခွဲခြားခြင်း စသည်)၊ မွေးမြူရေး လုပ်ငန်းအထွေထွေ လုပ်ငန်း (မျိုးပွားစီမံခန့်ခွဲခြင်း၊ မွေးမြူရေးထွက်ကုန်များ စုဆောင်းခြင်း/တင်ပို့ခြင်း/အမျိုးအစားခွဲခြားခြင်း စသည်)
ငါးလုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်း အထူးပြု ကျွမ်းကျင်လုပ်သား (ပထမအဆင့်)ငါးဖမ်းလုပ်ငန်း(ငါးဖမ်းပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် ပြုပြင်ခြင်း)၊ (ပင်လယ်ရေသတ္တဝါနှင့် အပင်များ ရှာဖွေခြင်း)၊(ငါးဖမ်းကိရိယာနှင့် စက်ပစ္စည်းများ လည်ပတ် လုပ်ကိုင်ခြင်း)၊(ပင်လယ်ရေသတ္တဝါ နှင့် အပင်များ ဖမ်းဆီးခြင်း)၊ (ဖမ်းဆီးရမိသည့်အရာများ စီမံဆောင်ရွက်ခြင်းနှင့် သိုလှောင်ခြင်း)၊(ကျန်းမာရေးညီညွတ်မှုနှင့် ရောဂါဘယဘေးကင်းရှင်းရေး အာမခံခြင်း စသည်) ၊ ငါးမွေးမြူရေးလုပ်ငန်း (ငါးမွေးမြူရေးပစ္စည်းများ ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်းနှင့် စီမံခန့်ခွဲခြင်း)၊(မျိုးပွားစီမံခန့်ခွဲခြင်း)၊(မွေးမြူထားသော ရေသတ္တဝါနှင့် အပင်များ စုဆောင်းခြင်း(ရိတ်သိမ်းခြင်း) နှင့် စီမံဆောင်ရွက်ခြင်း)၊(ကျန်းမာရေးညီညွှတ်ခြင်းနှင့် ရောဂါဘယ ဘေးကင်းရှင်းရေး အာမခံခြင်း စသည်)
စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်း အထူးပြု ကျွမ်းကျင်လုပ်သား (ပထမအဆင့်)  &(ဒုတိယအဆင့်)စားသောက်ကုန်ထုတ်လုပ်မှု လုပ်ငန်းအထွေထွေလုပ်ငန်း (စားသောက်ကုန် (အရက်မှအပ) များ ထုတ်လုပ်ခြင်း/ပြုပြင်စီမံခြင်းနှင့် ကျန်းမာရေးညီညွှတ်ခြင်းနှင့် ရောဂါဘယ ဘေးကင်းရေးလုပ်ငန်းများ)
စားသောက်ဆိုင်လုပ်ငန်း အထူးပြု ကျွမ်းကျင်လုပ်သား (ပထမအဆင့်)  &(ဒုတိယအဆင့်)စားသောက်ဆိုင်လုပ်ငန်းအထွေထွေ လုပ်ငန်းများ (အစားအသောက် ထုတ်လုပ်စီမံခြင်း၊ ဧည့်သည်ဝန်ဆောင်မှုပေးခြင်း၊ ဆိုင်စီမံခန့်ခွဲခြင်း)
သစ်တောလုပ်ငန်း အထူးပြု ကျွမ်းကျင်လုပ်သား (ပထမအဆင့်)သစ်တောစိုက်ပျိုးထိန်းသိမ်းခြင်း၊ သစ်လုံးများ ထုတ်လုပ်ခြင်း လုပ်ငန်းများ စသည်
သစ်ထုတ် လုပ်ငန်း အထူးပြု ကျွမ်းကျင်လုပ်သား (ပထမအဆင့်)သစ်ခွဲစက်လုပ်ငန်းနှင့် အထပ်သားလုပ်ငန်းတို့မှသစ်သားထုတ်လုပ်စီမံခြင်း လုပ်ငန်းများ စသည်

မော်တော်ယာဉ်များနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း (တိုခု‌တေးဂီနိုး ပထမအဆင့်အတွက်)

အထူးပြု ကျွမ်းကျင်လုပ်သား (တိုခုတေးဂီနိုး) ယာဉ်မောင်းများနှင့် သယ်ယူပို့ဆောင်ရေး အခန်းကဏ္ဍ

အထူးပြုကျွမ်းကျင်လုပ်သား  (တိုခုတေးဂီနိုး) အစီအစဉ်အောက်တွင် လိုအပ်ချက်အများဆုံးလုပ်ငန်းများထဲမှ တစ်ခုမှာ ထရပ်ကားမောင်းသူများ၊ ဘတ်စ်ကားမောင်းသူများနှင့် တက္ကစီမောင်းသူများပါဝင်သည့် သယ်ယူပို့ဆောင်ရေးကဏ္ဍဖြစ်သည်။ ဂျပန်နိုင်ငံသည် အသက်အရွယ်ကြီးရင့်လာသော လုပ်သားအင်အားများနှင့် အီး-ကောမတ်စ် (e-commerce) လုပ်ငန်းများ လျင်မြန်စွာတိုးတက်လာခြင်းတို့ကြောင့် ပညာရှင်ယာဉ်မောင်းများ ရှားပါးမှုကို ပြင်းထန်စွာရင်ဆိုင်နေရပါသည်။ထိုအကြောင်းရင်းများကြောင့် ထိုကဏ္ဍတွင် နိုင်ငံခြားသားလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးချဲ့လျက်ရှိပါသည်။

အထူးပြုကျွမ်းကျင်လုပ်သား  (တိုခုတေးဂီနိုး) ယာဉ်မောင်းအဖြစ်လုပ်ကိုင်နိုင်ရန် လိုအပ်ချက်များ

အထူးပြုကျွမ်းကျင်လုပ်သား  (တိုခုတေးဂီနိုး) သတ်မှတ်ချက်အရ ယာဉ်မောင်းအလုပ်လျှောက်ထားသူများသည် ယေဘုယျအားဖြင့် အောက်ပါလိုအပ်ချက်များနှင့် ကိုက်ညီရပါမည်။

  • တရားဝင် ဂျပန်ယာဉ်မောင်းလိုင်စင်: နိုင်ငံခြားလိုင်စင်များကို ဂျပန်လိုင်စင်အဖြစ် ပြောင်းလဲရမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲနှင့် မောင်းဖြေ စာမေးပွဲနှစ်မျိုးလုံး ဖြေဆိုအောင်မြင်ရန် လိုအပ်ပါသည်။
  • ဘာသာစကားစွမ်းရည်: ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ပြောဆိုဆက်သွယ်နိုင်ရန် အလွန်အရေးကြီးပါသည်။ ကုမ္ပဏီအများစုသည် အနည်းဆုံး JLPT N3 သို့မဟုတ် ၎င်းနှင့်ညီမျှသော ဂျပန်ဘာသာစကားကျွမ်းကျင်မှုကို လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ယာဉ်မောင်းသူများအနေဖြင့် ယာဉ်စည်းကမ်းဆိုင်းဘုတ်များ၊ ကုမ္ပဏီညွှန်ကြားချက်များ ကို နားလည်နိုင်ရန် နှင့် ခရီးသည် (သို့မဟုတ်) ဖောက်သည်များနှင့် ဆက်ဆံပြောဆိုရန် လိုအပ်သောကြောင့်ဖြစ်ပါသည်။
  • ကျန်းမာကြံ့ခိုင်မှု: ဘေးအန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ရန်အတွက် မျက်စိအမြင်အာရုံ၊ အကြားအာရုံနှင့် ခန္ဓာကိုယ်ကျန်းမာရေး အခြေအနေ ကောင်းမွန်ရန် အရေးကြီးပါသည်။
  • အထူးပြုကျွမ်းကျင်ယာဉ်မောင်း စာမေးပွဲ: SSW လျှောက်ထားသူများအတွက် အထူးကျွမ်းကျင်မှု စာမေးပွဲ(တိုခုတေးဂီနိုး စာမေးပွဲ)ကို မဖြစ်မနေ ဖြေဆိုရပါမည်။

ဂျပန်နိုင်ငံတွင် ကျွန်‌တော်တို့ Joys Japanကုမ္ပဏီသည် ဤနယ်ပယ်တွင် နိုင်ငံခြားသားများအား ပံ့ပိုးကူညီပေးနေသည့် လူသိများသော အကြံပေးကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည်။ လျှောက်ထားသူများ၏ CV ဖောင် ပြင်ဆင်ပေးခြင်းမှစ၍ အလုပ်ဝင်ရောက်သည်အထိ လျှောက်ထားသူများကို ပံ့ပိုးပေးလျက်ရှိသည်။

ဂျပန်နိုင်ငံတွင် အထူးပြုကျွမ်းကျင်လုပ်သား (တိုခုတေးဂီနိုး) ယာဉ်မောင်းများကို အဘယ်ကြောင့် လိုအပ်သနည်း။

  • အသက်အရွယ်ကြီးရင့်လာသော လုပ်သားအင်အား: ဂျပန်ယာဉ်မောင်းများ၏ ရာခိုင်နှုန်းအများစုသည် အငြိမ်းစားယူမည့် အရွယ်သို့ ရောက်ရှိလာကြသောကြောင့် အစားထိုးဖြည့်ဆည်းရန်လိုအပ်သည့် ကွက်လပ်တစ်ခုအနေဖြင့် ရှိနေပါသည်။
  • E-ကောမတ်စ် တိုးတက်မှု: အွန်လိုင်းစျေးဝယ်မှုများ အရှိန်အဟုန်ဖြင့် တိုးတက်လာသည်နှင့်အမျှ သယ်ယူပို့ဆောင်ရေးကုမ္ပဏီများသည် ကုန်ပစ္စည်းများကို ပိုမိုမြန်ဆန်စွာ ပို့ဆောင်ပေးနိုင်ရန် ဖိအားများ ကြုံတွေ့နေရပြီး ထရပ်ကားမောင်း လိုအပ်ချက်ကိုလည်း တိုးမြှင့်စေပါသည်။
  • မြို့ပြနှင့် ကျေးလက်သယ်ယူပို့ဆောင်ရေး: မြို့တွင်းတက္ကစီများမှ အစပြု၍ ရပ်ရွာဘတ်စ်ကားများအထိ၊ အများပြည်သူသယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးစနစ်များကို ထိန်းသိမ်းရန်အတွက် စိတ်ချရသော ယာဉ်မောင်းများ၏ လိုအပ်ချက်လည်း တိုးပွားလာနေပါသည်။

အထူးပြုကျွမ်းကျင်လုပ်သား  (တိုခုတေးဂီနိုး) အမျိုးအစား (ပထမအဆင့်) နှင့် (ဒုတိယအဆင့်)

အထူးပြုကျွမ်းကျင်လုပ်သား (တိုခုတေးဂီနိုး) အစီအစဉ် တွင် အမျိုအစား (၂) မျိုး ရှိပါသည်။

အထူးပြု ကျွမ်းကျင်လုပ်သား အမျိုးအစား  (ပထမအဆင့်)

  • အခြေခံအဆင့် ကျွမ်းကျင်လုပ်သားများအတွက် သာဖြစ်ခြင်း။
  • လုပ်သားများသည် ဂျပန်နိုင်ငံတွင် အများဆုံး ၅ နှစ်အထိသာ နေထိုင်ခွင့် ရရှိခြင်း။
  • သက်တမ်းတိုးခွင့် ရနိုင်သော်လည်း မိသားစုဝင်များ ခေါ်ယူခွင့် မရှိခြင်း။
  • အထူးပြုကျွမ်းကျင်မှု စာမေးပွဲ နှင့် ဂျပန်ဘာသာ စာမေးပွဲ (အများအားဖြင့် JLPT N4 သို့မဟုတ် အထက်) တို့ကို အောင်မြင်ရန် လိုအပ်ခြင်း။

လိုအပ်ချက်များ:

  • လုပ်ငန်းနယ်ပယ်အတွက် သီးသန့်ကျင်းပသော ကျွမ်းကျင်မှု စာမေးပွဲ ကို အောင်မြင်ရမည်။
  • နေ့စဉ်ပြောဆိုဆက်ဆံရေး အခြေခံအဆင့်ကို သက်သေပြနိုင်ရန် ဂျပန်ဘာသာ စာမေးပွဲ (JLPT N4 သို့မဟုတ် JFT-Basic) ကို အောင်မြင်ရမည်။
  • သို့သော်လည်း၊ ဂျပန်နိုင်ငံတွင် နည်းပညာ အလုပ်သင် လေ့ကျင့်ရေး (ဂီနိုးဂျီရှုးဆေး) အနေနဲ့ဖြင့်လုပ်ဆောင်ခဲ့သူများအတွက်မူ လုပ်ထုံးလုပ်နည်းသည် ပိုမိုလွယ်ကူနိုင်ပါသည်။
    • ဂျပန်ဘာသာ စာမေးပွဲကို ထပ်မံဖြေဆိုရန် မလိုအပ်ပါ။
    • တူညီသော လုပ်ငန်းနယ်ပယ်အတွင်း၌ ကျွမ်းကျင်မှု စာမေးပွဲကို ထပ်မံဖြေဆိုရန်လည်း မလိုအပ်ပါ။
    • အလုပ်သင် လေ့ကျင့်ရေး (ဂီနိုးဂျီရှုးဆေး) အစီအစဉ် ပြီးဆုံးကြောင်းနှင့် ပြီးဆုံးကြောင်း လက်မှတ် (Certificate of Completion) ရှိရုံဖြင့် တိုခုတေးဂီနိုး အမျိုးအစား ၁ သို့ အလွယ်တကူ ကူးပြောင်းနိုင်ပါသည်။
  • ဤလမ်းကြောင်းသည် ထပ်ဆောင်းစာမေးပွဲများ ဖြေဆိုရန် မလိုဘဲ ပိုမိုတည်ငြိမ်သော အလုပ်ဗီဇာသို့ တိုက်ရိုက်ကူးပြောင်းနိုင်သောကြောင့် ဂျပန်တွင် ဆက်လက်လုပ်ကိုင်လိုသည့် အလုပ်သင်ဟောင်း(ဂီနိုးဂျီရှုးဆေး) များ အတွက် တိုခုတေးဂီနိုး အစီအစဉ်မှာ အထူးဆွဲဆောင်မှု ရှိစေပါသည်။

အထူးပြုကျွမ်းကျင်လုပ်သား အမျိုးအစား   (ဒုတိယအဆင့်)

  • အဆင့်မြင့် ကျွမ်းကျင်မှုရှိသော အထူးပြုကျွမ်းကျင်လုပ်သားများ အတွက်သာဖြစ်ခြင်း။
  • ရေရှည်နေထိုင်ခွင့် နှင့် သက်တမ်းကန့်သတ်ချက်မရှိဘဲ တိုးမြှင့်ခွင့် ရရှိခြင်း။
  • မိသားစုဝင်များ ကိုလည်း ဂျပန်နိုင်ငံသို့ ခေါ်ယူနေထိုင် ခွင့်ပြုထားခြင်း။
  • လက်ရှိတွင် ဆောက်လုပ်ရေး နှင့် သင်္ဘောတည်ဆောက်ရေး ကဲ့သို့သော လုပ်ငန်းနယ်ပယ် အနည်းငယ်တွင်သာ ခွင့်ပြုပေးထားခြင်း။

အထူးပြုကျွမ်းကျင်လုပ်သား (တိုခုတေးဂီနိုး) အတွက် စိန်ခေါ်မှုများ

ဘာသာစကား အခက်အခဲ (Language Barrier)

ဂျပန်ဘာသာစကားဖြင့် ဆက်သွယ်ပြောဆိုနိုင်ခြင်းသည် လုပ်ငန်းခွင်တွင်သာမက နေ့စဉ်ဘဝအတွက်ပါ မရှိမဖြစ် လိုအပ်ပါသည်။ အလုပ်တွင် ညွှန်ကြားချက်များကို လိုက်နာခြင်း၊ ဆိုင်းဘုတ်များကို ဖတ်ရှုခြင်း၊ သင်တန်းများ တက်ရောက်ခြင်း သို့မဟုတ် စူပါမားကတ်တွင် ဈေးဝယ်ခြင်းကဲ့သို့သော နေ့စဉ်လုပ်ငန်းဆောင်တာများ ချောမွေ့စေရေးတွင် ဂျပန်ဘာသာစကား သည် လွန်စွာအရေးပါပါသည်။

ကုမ္ပဏီအများစုသည် အနည်းဆုံး အခြေခံအဆင့် ဂျပန်ဘာသာစကား (JLPT N4 သို့မဟုတ် အထက်) ရှိသောလျှောက်ထားသူများကို မျှော်လင့်ထားကြပြီး၊ တက္ကစီမောင်းသူကဲ့သို့သော အချို့အလုပ်များတွင်မူ ဘေးကင်းရေးနှင့် သင့်လျော်သောပြောဆိုဆက်ဆံရေးအတွက် JLPT N2 သို့မဟုတ် အထက် လိုအပ်ပါလိမ့်မည်။ မိမိ၏ ဘာသာစကားကျွမ်းကျင်မှု တိုးတက်အောင် အချိန်ပေးကြိုးစားသူများသည် ဂျပန်တွင် ပိုမိုလျင်မြန်စွာ အသားကျပြီး ပိုမိုကောင်းမွန်သော အတွေ့အကြုံများကို ရရှိခံစားရလေ့ရှိပါသည်။

ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ခြင်း (Cultural Adaptation)

ဂျပန်လုပ်ငန်းခွင်များသည် စနစ်တကျ အလွန်ကျစ်လစ်ပြီး အသေးစိတ်ကို ဂရုစိုက်ခြင်းတတ်သော ဂုဏ်သတင်းကောင်းရှိပါသည်။ အချိန်တိကျခြင်း၊ အဖွဲ့လိုက်လုပ်ဆောင်ခြင်း၊ ရာထူးအဆင့်ကို လေးစားခြင်း နှင့် စည်းမျဉ်းများကို တိကျစွာ လိုက်နာခြင်း စသည့် တန်ဖိုးထားမှုများသည် လုပ်ငန်းခွင် ယဉ်ကျေးမှုတွင် ယှဉ်တွဲတွေ့မြင်နိုင်ပါသည်။ သို့သော် ထိုသို့ တင်းကျပ်သော ဖွဲ့စည်းပုံသည် နိုင်ငံခြားသားအချို့အတွက် ပထမဦးဆုံးတွင် လွှမ်းမိုးခံရသလို ခံစားရစေနိုင်ပါသည်။

သို့သော်လည်း ဤယဉ်ကျေးမှုဓလေ့များကို လိုက်လျောညီထွေဖြစ်အောင် သင်ယူလက်ခံခြင်းသည် လုပ်သားများအား မိမိကိုယ်ကို ယုံကြည်မှုရရှိစေရန်၊ လုပ်ဖော်ကိုင်ဖက်များနှင့် ခိုင်မာသော ဆက်ဆံရေးများ တည်ဆောက်ရန်နှင့် မိမိတို့၏ လုပ်ငန်းတာဝန်များတွင် အောင်မြင်ရန် အထောက်အကူဖြစ်စေပါသည်။ ဂျပန်ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ခြင်းသည် လုပ်ငန်းခွင်အတွက်သာမက လူမှုဆက်ဆံရေး၊ အမူအကျင့်နှင့် ဓလေ့ထုံးတမ်းများ နှင့် နေ့စဉ်လုပ်ငန်းဆောင်တာများ အဆင်ပြေချော‌မွေ့နိုင်ပါသည်။

အရည်အချင်း ကန့်သတ်ချက်များ (Eligibility Limits)

လက်ခံနိုင်သော လုပ်သားအရေအတွက်ကို ကန့်သတ်ထားပါသည်။ အချို့ကဏ္ဍများတွင် ကန့်သတ်ဦးရေ သတ်မှတ်ထားပြီး နိုင်ငံခြားသားလုပ်သား အရေအတွက် အများဆုံး ပြည့်သွားပါက လျှောက်ထားသူအသစ်များသည် နောက်အခွင့်အရေးကို စောင့်ဆိုင်းရနိုင်သည်။

ထို့အပြင် လုပ်ငန်းနယ်ပယ်အလိုက် အရည်အချင်းပြည့်မီမှု သတ်မှတ်ချက်များ ကွဲပြားပြီး အချို့မှာ လုပ်ငန်းအတွေ့အကြုံ၊ ယာဉ်မောင်းလိုင်စင်များ သို့မဟုတ် အသိအမှတ်ပြုလက်မှတ်များ လိုအပ်သောကြောင့် လျှောက်ထားမှုလုပ်ငန်းစဉ်ကို လူအများနှင့် ပြိုင်ဆိုင်ရမှုမှာ ပြင်းထန်ပါသည်။

နိဂုံးချုပ် (Closing)

အထူးပြုကျွမ်းကျင်လုပ်သား (တိုခုတေးဂီနိုး) စနစ် သည် ဗီဇာအဆင့်အတန်းတစ်ခုထက် ပိုပါသည်။ ၎င်းသည် ဂျပန်နိုင်ငံ၌ ဘဝ၏ အခန်းသစ်တစ်ခုကို စတင်ရန် အခွင့်အရေးဖြစ်ပါသည်။ လုပ်သားတိုင်း၏ နောက်ကွယ်တွင် ကိုယ်ပိုင်အိပ်မက်တစ်ခု ရှိသည်။ ၎င်းမှာ ဇာတိနိုင်ငံရှိ မိသားစုကို ထောက်ပံ့ရန်၊ နိုင်ငံသစ်တွင် အသက်မွေးဝမ်းကျောင်း တည်ဆောက်ရန် သို့မဟုတ် ရိုးရိုးရှင်းရှင်းပင် အသစ်အဆန်းတစ်ခုကို စိန်ခေါ် ကြည့်လိုခြင်းလည်း ဖြစ်နိုင်ပါသည်။

အထူးသဖြင့် ယာဉ်မောင်းများအတွက်မူ ၎င်းတို့၏ တာဝန်သည် ကုန်ပစ္စည်း သို့မဟုတ် ခရီးသည်များကို ရွှေ့ပြောင်းပေးရုံသက်သက်မျှသာမကဘဲ၊ ဂျပန်နိုင်ငံကို ဆက်လက် လည်ပတ်နိုင်စေရန်၊ လူအချင်းချင်း ပေါင်းသင်းဆက်သွယ်ပေးရန်နှင့် အရေးကြီးသော တာဝန်တရပ်ကို ယုံကြည်စိတ်ချရသူအဖြစ် ခံအပ်ခံရခြင်းလည်း ဖြစ်ပါသည်။ ထိုယုံကြည်ခံရမှုသည် ဂျပန်နိုင်ငံက အလေးထားတန်ဖိုးထားသည့်အရာဖြစ်ပြီး၊ ဤလမ်းကြောင်းကို အလေးအနက်ထားသူများအတွက် အကျိုးကျေးဇူးများစွာ ရရှိစေသည့်အရာလည်း ဖြစ်ပါသည်။

ဟုတ်ပါတယ်။ ခရီးစဉ်သည် အမြဲတမ်း ရိုးရှင်းလွယ်ကူနေမည် မဟုတ်ပါ။ ဘာသာစကားအသစ်တစ်ခုကို သင်ယူခြင်း၊ ယဉ်ကျေးမှုအသစ်နှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ခြင်း နှင့် ပညာရှင်ဆိုင်သော ပတ်ဝန်းကျင်တွင် ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ပြသရခြင်းသည် တစ်ခါတစ်ရံတွင် စိတ်ပင်ပန်းစေနိုင်သည်။ သို့သော် သင်တတ်မြောက်ထားသော ကျွမ်းကျင်မှုတိုင်း ၊သင်ကျွမ်းကျင်ထားသော ဂျပန်စကားလုံးတိုင်းသည် လိုက်လျောညီထွေဖြစ်စွာ နေထိုင်နိုင်မည့် စိန်ခေါ်မှုတရပ်ကို သင်၏ အောင်မြင်မှု ဇာတ်လမ်း အဖြစ် ပြောင်းလဲပစ်ရန် ပိုမိုနီးစပ်စေပါသည်။

ကျွန်ုပ်တို့ Joys Japan သည် ဤအကြောင်းအရာများကို သိရှိနားလည်ထားပါသည်။ စိုးရိမ်ပူပန်ပြီး မသေချာမှုမရှိဘဲ ဂျပန်နိုင်ငံသို့ရောက်ရှိလာသော နိုင်ငံခြားသားများသည် ဂျပန်၏ စက်မှုလုပ်ငန်းများကို ပံ့ပိုးပေးရုံသာမကဘဲ အဓိပ္ပာယ်ရှိသော လူနေမှုဘဝများကို တည်ဆောက်ရေးတွင် ထောက်ပံ့ပေးနိုင်သော ယုံကြည်စိတ်ချရတဲ့ လုပ်သားများအဖြစ် ပြောင်းလဲလာသည်ကို ကျွန်ုပ်တို့ မြင်တွေ့ခဲ့ရပါသည်။ သင်သည် ထိုခြေလှမ်းကို လှမ်းရန် အသင့်ဖြစ်နေပြီဆိုပါက တိုခုတေးဂီနိုး (SSW) စနစ် သည် သင့်အနာဂါတ်တံခါးကို ဖွင့်ပေးမည့် သော့ချက် ဖြစ်ပါပေလိမ့်မည်။

guest
0 comments
Oldest
Newest Most Voted
Inline Feedbacks
View all comments